Header Ads

Header ADS

ခင်မောင်တိုး - သမုဒယကျောင်း (၁)



ခင်မောင်တိုး - သမုဒယကျောင်း (၁)
No. Song Title Download
1. သမုဒယကျောင်း (၁)                                     
သမုဒယကျောင်း
*အတူဆုံ
တအူတုံ တကယ်မဆင်းကြပေမယ့်
သူငယ်ချင်းဘ၀နဲ့
ငယ်စာရင်းက အတန်းဖော် . . .

*ပြန်မလွမ်းပြီလား
ကျောင်းခန်းမှာ စာအတူသင်
ကျောင်းပြင်မှာ စာအတူကျက်
ရည်ရွယ်ချက်တွေ အစပျိုးရင်း
“ဘ၀ပျိုးခင်း” ဆိုတဲ့ သည်ကျောင်းတော် . . .

*သည်ကျောင်းတော်မှာ ဘ၀ကို စ
သည်ကျာင်းက ဘ၀ကို ထုဆစ်
နုမျစ်သူတွေ ပုံလောင်း
လောကရဲ့ ကောင်းကျိုး
“အကောင်း” “အဆိုး” “ဓမ္မ” “အဓမ္မ” ဝေခွဲ
အနေရဲစို့ မှန်းရည်မျှော်
တစ်လမ်းစီနော် . . .
( ကြီးတော့ ) တို့တစ်တွေ ကွဲ။

*ဆရာ၊ ဆရာမတွေနဲ့
တစ်ခါက တပည့်တွေက ကံမကုန်လို့
ပြန်အဆုံ ပျော်စရာတွေချည့်ပေပဲ
တပည့်တွေလည်း ဆံပင်ဖြူ
အသွင်မတူ ဇရာဖက်
အသက်တွေ အရွယ်ရပေမယ့်
ငယ်ဘ၀ စာသင်ခန်းကို
ဘာမြင်မြင် အကုန်လွမ်းတာပဲ
ခုံတန်းမှာ ငယ်အရိပ်တွေက
ငယ်စိတ်ဝင် အမှတ်တရတွေနဲ့
ဖြတ်မရအောင် အခုဘ၀ . . . အနုသယ . . . ၀ဲမှာ
(သူငယ်ချင်းရယ် . . . )
သမုဒယနဲ့ စွဲ။

မောင်စိန်ဝင်း(ပုတီးကုန်း)
၂၀၀၂ ဇွန်
Faces Magazine

No comments

Download လုပ်လို့မရသော Link များကို Comment ရေးပြီး အသိပေးပါ

Powered by Blogger.