ဘဝမျိုးစုံ ကျင်လည်ခဲ့ဖူးတဲ့ လင်းလင်းရဲ့ အနုပညာ ကောက်ကြောင်း(၂) - Mg Shan Lay

Mg Shan Lay

High Quality MP3 သီချင်းများကို စုစည်းထားသ​​လောက် တင်​ပေးထားပါသည်။ အ​ဝေး​ရောက်သူများ နှင့် သီချင်း​ခွေဝယ်ရန် အခက်အခဲ ရှိသူများအတွက် ရည်ရွယ်၍ တင်ထားခြင်းဖြစ်ပါသည်။ ပြည်တွင်းပြည်ပမှ သီချင်းချစ်သူများ အဆင်​ပြေပါ​စေခင်ဗျား။

Hot

Wednesday, July 16, 2014

ဘဝမျိုးစုံ ကျင်လည်ခဲ့ဖူးတဲ့ လင်းလင်းရဲ့ အနုပညာ ကောက်ကြောင်း(၂)


ဘဝမျိုးစုံကို ဖြတ်သန်းခဲ့ဖူးတဲ့ လင်းလင်းရဲ့ အနုပညာ ကောက်ကြောင်းကို ပြီးခဲ့တဲ့ အပတ်စဉ် ထုတ် ပေါ်ပြူလာဂျာနယ်မှာ အပိုင်း(၁) အနေနဲ့ ဖော်ပြခဲ့ပါတယ်။ ဒီအပတ် မှာတော့ တေးရေး၊တေးဆို လင်းလင်းဆိုပြီး ဖြစ်လာဖို့ ဒီလောက ထဲကို ဝင်လာခဲ့တဲ့ ပထမခြေလှမ်းနဲ့ သူ့ရဲ့ ဖြတ်သန်းမှုတွေကို ဆက်လက် ဖော်ပြသွားမှာဖြစ် ပါတယ်။ 

ကားစပယ်ယာ ဘဝရော၊ ဈေးသည်ဘဝကိုပါ ဖြတ်သန်းခဲ့ဖူးတဲ့ လင်းလင်းက သူ့ရဲ့ဈေးသည်ဘဝ အတွေ့အကြုံကိုလည်း အခုလိုပဲ ပြောပြပါသေးတယ်။ 

“ဆူးလေရဲ့ဟိုဘက်ခြမ်း၊ ဖရေ ဇာဘက်ခြမ်းပေါ့။ အဲ့ဒီမှာအဆောင်က သူငယ်ချင်းတစ်ယောက်နဲ့ မိုးကာ စတွေခင်းပြီး တရားခွေတွေ၊ ဖန်စီပစ္စည်းတွေ စည်ပင်ကြေးပေးပြီး ရောင်းတယ်။ လိုက်ဖမ်းတဲ့ လူနဲ့တွေ့ တော့လည်း ပြေးရတာပေါ့။ မိုးကာစကို ခင်းတာက စည်ပင်ကြေး ပေးထားပေမယ့်လည်း ဖမ်းတဲ့ အုပ်စုတွေ လာပြီဆိုရင် ကျွန်တော်တို့က မိုးကာစရဲ့ အခင်းနှစ်စကို ဟိုဘက်၊ ဒီဘက် ကောက်ချည်ပြီး ပုခုံးပေါ်တင်ပြေးတာပဲ။ အဲ့ဒီအချိန်ကတော့ တော်တော်လည်း ပျော်စရာကောင်းသလို၊ အခက်အခဲတွေ လည်း ရှိတာပေါ့။ ဘဝကို အကူအညီမပါဘဲနဲ့ တစ်ယောက်တည်း လက်တွေ့ရင်ဆိုင်ရတဲ့ အချိန်ကာလ ပေါ့။ အကူအညီမပါ ဘဲနဲ့ဆိုတဲ့ စကားသုံးရတာက အဲ့ဒီတုန်းက ဒီမှာ ကျောထောက်နောက် ခံလည်းမရှိ။ နေဖို့ထိုင်ဖို့ အိပ်ဖို့၊ စားဖို့ ဘာမှမရှိဘဲ အစိမ်းသက်သက်ကြီး ရောက်လာပြီး လက်တွေ့ကျကျ ရင်ဆိုင်ရတဲ့ အချိန် ဆိုတော့ ဒုက္ခလည်း များသလို ပျော်စရာတွေလည်း အများကြီးရှိခဲ့တယ်” လို့ ပြောပြခဲ့တယ်။ လင်းလင်းက မုန်တိုင်းထန် ကာလတွေကို ဖြတ်သန်းနေရပေမယ့်လည်း သူ့ရဲ့ ဂီတအပေါ် ရူးသွပ်မှုက တော့ အရှိန် အဟုန်ကောင်းဆဲပဲ ဖြစ်ပါတယ်။ 

“အဆောင်ကို ဂစ်တာယူလာတော့ သီချင်းကိုတော့ ရေးဖြစ်တယ်။ အခန်းဖော်တွေ ကလည်း သဘော ကောင်းတော့ နားလည်ပေးကြတယ်။ အဲဒီကာလက ၂ဝဝ၂ ဝန်းကျင်မှာ ကိုအယ်ဖြူ  မဆုံးခင်ပေါ့။ ကိုအယ်ဖြူ နဲ့အတူ သူခေါ်ခေါ်သွားလို့ စတူဒီယို တွေကို လိုက်လိုက် သွားတယ်။ သူတို့ သီချင်းသွင်းတာ တွေကို လိုက်ကြည့်တယ်။ ၂ဝဝ၃မှာ ကိုအယ်ဖြူက ဆုံးသွားတယ်။ အဲ့ဒီမှာ နည်းနည်းအဆက် ပြတ် သွားပြီး စားဝတ်နေရေးအတွက် အလုပ်တွေ လုပ်ရတယ်။ ကိုလေးတို့နဲ့ မတွေ့ခင်ပေါ့။ ရန်ကုန်ရဲ့ လူနေမှုစရိုက်မှာ စီးမျောတဲ့ အချိန်တွေပေါ့။ အဲ့ဒီကြားမှာ ဆေးကုမ္ပဏီတွေမှာလည်း ဝင်လုပ်တော့ ကျောက်မြောင်း ဘက်ရောက်ရင် ကိုဇော်လတ်တို့ဆီ ဝင်ပြီး အဲ့ဒီမှာမသိတာတွေကို ကိုဇော်လတ်ကိုမေး တယ်။ အဲ့လိုနဲ့ နေလာခဲ့တာ ၂ဝဝ၄ ရောက်တော့ တစ်ခုစဉ်းစားမိတယ်။ ကိုယ်လုပ်ချင်တဲ့ ဝါသနာ နဲ့ပတ် သက်ပြီး တစ်ခုခုအစပြုမှရမယ် ဆိုပြီးကျွန်တော့်မှာ ရှိတဲ့သီချင်း လေးတွေကို ကက်ဆက်နဲ့ အသံဖမ်းပြီး ဂစ်တာနဲ့တီးဆိုပြီး ကက်ဆက်အခွေ အကြမ်းလေး လုပ်ထားတယ်။ အဲ့ဒါနဲ့ PTL ဖုန်းနံပါတ်ကို စုံစမ်းပြီး ဖုန်းဆက်တယ်။ အဲ့ဒီ ဖုန်းနံပါတ်လေး အခုထိ မှတ်မိတယ်။ အဲ့ဒီအချိန်မှာ အဲ့ဒီဖုန်း နံပါတ်က မေ့လို့မဖြစ် ဘူး။ အဲ့ဒါနဲ့ ဖုန်းဆက်ပြီး သီချင်းလေးတွေ ပြချင်လို့ပါ ဆိုတော့ ဆက်တဲ့အချိန်မှာပဲ ကိုလေး(လေးဖြူ)တို့ ကလည်း သီချင်းသွင်းဖို့ ရောက်နေတယ် ဆိုတော့ အဲ့ဒီအခွေ ကိုင်ပြီးတစ်ခါတည်း သွားတယ်။ ကိုလေးနဲ့ တွေ့တော့ ကိုလေး ကျွန်တော် လင်းလင်းပါပေါ့။ ကိုယ်ပိုင်သံစဉ် သီချင်းလေးတွေ ပြချင်လို့ပါ ဆိုတော့ ကိုလေးက ထားခဲ့ပါ။ မင်းကို ပြန်ဆက်ရမယ့် ဖုန်းနံပါတ်ရေးပေး ခဲ့ပါဆိုတော့ ကျွန်တော်က အဆောင် ဖုန်းနံပါတ်ကို ရေးပေးခဲ့တယ်။သူနဲ့ အဆင်ပြေမယ်ဆိုရင် ဆက်လိုက်မယ် ပေါ့နော်။ အဲ့ဒါနဲ့ ကျွန်တော် နေ့တိုင်း ဖုန်းထိုင်စောင့်တယ်။ အလုပ်လည်း မသွားဖြစ်ဘူး။ ဖုန်းလာခဲ့ရင် လွတ်သွားမှာစိုးလို့ သီချင်း ပြပြီးကတည်းက အဆောင်မှာပဲ စောင့်နေခဲ့တယ်”။


မိမိကိုယ်ကိုယ် ယုံကြည်မှုအ ပြည့်နဲ့မြန်မာပြည်ရဲ့ နာမည်ကျော် အဆိုတော်ကြီး တစ်ဦးဆီမှာ သီချင်းတွေ ပြသခဲ့တဲ့ လင်းလင်းရဲ့လမ်းကြောင်း ကသူပြခဲ့တဲ့ ကက်ဆက်ခွေလေးက တစ်ဆင့်ပွင့်သွားခဲ့ပြီ ဖြစ်ပါ တယ်။ ဖုန်းရှေ့မှာ တစ်ချိန်လုံး ထိုင်စောင့်ခဲ့တဲ့ လင်းလင်းဆီကို တစ်ရက်မှာတော့ ဖုန်းဝင်လာခဲ့ပါတယ်။ 

“ကိုလေး(လေးဖြူ) ဆီကဆက်တာ။ သီချင်းတွေ စိတ်ဝင်စားတယ်။ တွေ့ ချင်တယ်ဆိုပြီးပြောတယ်။ အဲ့ဒီ အချိန်မှာ လိပ်ပြာကလည်း ထွက်ပြီးစဆိုတော့ နောက်တစ်ခွေကိုလည်း Own Tune တည်ဖို့ ကိုလေးတို့ က စီစဉ်နေတယ်။ အဲ့ဒီမှာစပြီးကိုလေးတို့နဲ့ ခဏလေးများမှာ ပါဝင်ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ထူးဆန်းတာက အဲ့ဒီ အချိန်တုန်းက ကက်ဆက်ခွေလေးနဲ့ ပြခဲ့တဲ့ ကိုလေးကြိုက်တဲ့ သီချင်းတွေက ခုထိ မထွက်ဖြစ်သေး ဘူး။ ကိုလေးက စိတ်ဝင်စားတယ် ဆိုတဲ့အချိန်မှာ ပျော်ပြီးတော့ ထပ်ရေးတဲ့ သီချင်းတွေက ‘ခဏလေးများ’ မှာ ပါသွားတယ်။"

ဆက်လက်ဖော်ပြပါမည်

Credit - လွမ်းမပြေ

No comments:

Post a Comment

Mingalar Par !